အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

ပြည်ထောင်စု ဒုဝန်ကြီး

H.E. Hkaung Naw

Deputy Minister of the Ministry of International Cooperation of the National Unity Government of Myanmar

ဒေါ်ခေါင်နောသည် အမျိုးသားညီညွတ်ရေးအစိုးရတွင် မပါဝင်လာစဥ်ကပင် လူ့အခွင့်အရေးကိစ္စရပ်များကို နိုင်ငံတကာအဆင့် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ဒေါ်ခေါင်နော၏ မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှစတင်၍ ပြည်တွင်းစစ်ပြန်လည်ဖြစ်ပွားသောအခါ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအကူအညီကိစ္စရပ်များကို လုပ်ဆောင်ခဲ့သည်။ လူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများ၏ အတွေ့အကြုံများကို ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာကို အသိပေးနိုင်ရန်အတွက် စာရေးသားခြင်းသည်လည်း စိတ်အားထက်သန်သောသူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် သိပ္ပံပညာဘွဲ့ကို တိုရွန်တိုတက္ကသိုလ် (University of Toronto) မှ ရခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အော်စလိုတက္ကသိုလ် (Oslo University) ၌ ငြိမ်းချမ်းရေးဆိုင်ရာ သုတေသနပြုခဲ့သည်။ မတူကွဲပြားခြားနားမှုများကို လက်ခံဆင်နွှဲပြီး အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးများအဖွဲ့ဝင်တစ်ဦးအနေဖြင့် ရွပ်ရွပ်ချွံချွံ ကြိုးစားသွားမည်ဟု စိတ်ပိုင်းဖြတ်ထားသူလည်း ဖြစ်သည်။